သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏(၂၇-၂-၂၀၂၅)ရက်စွဲပါစာအမှတ်သပန/စီမံ/တက်ရောက်/
၂၀၂၅(၂၀၅၇)ရည်ညွှန်းချက်အရ
၁။နည်းပညာတက္ကသိုလ်များ၊ကွန်ပျုတာတက္ကသိုလ်များနှင့် Polytechnic University များတွင်
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသားများအား ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေ ကျောင်းသားအဖြစ် (၁)ကြိမ် လက်ခံဆောင်ရွက်ရန် အကြောင်းကြားပါသည်။
၂။ကျောင်းလက်ခံရာတွင် အောက်ဖော်ပြပါအချက်အလက်များအား သေချာစွာစိစစ်ပြီး(၂၁-၃-၂၀၂၅)
ရက်နောက်ဆုံးထားလက်ခံဆောင်ရွက်ရန်နှင့်ဆောင်ရွက်ပြီးစီးမှုအားပြန်လည်တင်ပြရန်အကြောင်း
ကြားပါသည်။
(က) ကျောင်းသား၏ကင်းကွာခဲ့ရသည့်ခိုင်လုံသောအကြောင်းပြချက်ပါရှိသည့်အသနားခံတင်ပြစာ
(ခ) ရပ်ကွက်/မြို့နယ်ထောက်ခံစာ
(ဂ) ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာ