Library of Technological University (Toungoo)
Our Vision
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနေသည့် နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် အကောင်းဆုံးအရည်အသွေးရှိ Operation နှင့် Service ရရှိရန် ရည်မှန်းချက်ဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စာကြည့်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
Our Mission
- အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရည်ညွှန်းစာအုပ်စာတမ်းများနှင့် ဗဟုသုတဆိုင်ရာ သုတ၊ ရသ စာအုပ်စာတမ်းများကို စနစ်တကျ လေ့လာဖတ်ရှုနိုင်ရန်။
- လူ့အဖွဲ့အစည်း၏ တိုးတက်ကောင်းမွန်သော လူနေမှုဘဝ ပတ်ဝန်းကျင်ကို စာပေဗဟုသုတကြွယ်ဝစွာဖြင့် ဖန်တီးနိုင်ရန်။
- အရည်အသွေးစီမံခန့်ခွဲမှုစနစ်ဖြင့် စာကြည့်တိုက် အသုံးပြုသူများအား စာကြည့်တိုက်လုပ်ငန်းနှင့် ပတ်သက်၍ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန်။
Quality Objectives
- နည်းပညာတက္ကသိုလ်(တောင်ငူ)ရှိ ဆရာ/မများနှင့် ဝန်ထမ်းများ ကျောင်းသား/သူများ အမြန်ဆုံး ဖတ်ရှုနိုင်ရေးအတွက် လက်ခံရရှိလာသော စာအုပ်များကို (၃)ရက်အတွင်း မှတ်ပုံတင်ခြင်းနှင့် နေရာချထားခြင်းကို အလျင်အမြန် ပြီးစီးအောင်ဆောင်ရွက်ရန်။
- နေ့စဉ်အပ်နှံလာသော စာအုပ်များနှင့် ဖတ်ရှုပြီးသော စာအုပ်များကို သတ်မှတ်ထားသော မူလနေရာ၌ ထားရှိမှုကို နေ့ချင်းပြီးဆောင်ရွက်ရန်။
