နည်းပညာတက္ကသိုလ် (တောင်ငူ)
အင်ဂျင်နီယာရူပဗေဒဌာန
ကျွန်ုပ်တို့၏မျှော်မှန်းချက်(Our Vision)
နိုင်ငံတော်အတွက် လိုအပ်သော အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားသည့် အင်ဂျင်နီယာကောင်းများ ထွက်ပေါ်လာစေရေး ရည်မှန်း၍ အထောက်အကူပြု ဘာသာရပ် တစ်ခုအေနဖြင့်အင်ဂျင်နီယာရူပဗေဒ ဘာသာရပ်အား စနစ်တကျလေ့ကျင့် သင်ကြားပေးနိုင် သော ဌာနတစ်ခုဖြစ်လာစေရန်။
ကျွန်ုပ်တို့၏အထူးတာ၀န် (Our Mission)
သက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များကို ကျွမ်းကျင်စွာ နားလည်တတ်မြောက်၍ စာတွေ့နှင့်လက်တွေ့ဆက်စပ်နိုင်သော အတတ်ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက် အင်ဂျင်နီယာရူပဗေဒဘာသာရပ်ဖြင့် အပြည့်အဝ အထောက်အကူပြုနိုင်ရန်။
အရည်အသွေးရည်မှန်းချက်များ (Quality Objectives)
(၂၀၁၉-၂၀၂၀) ပညာသင်နှစ် နည်းပညာတက္ကသိုလ်(တောင်ငူ)၏ အရည်အသွေးမူဝါဒ များအရ အင်ဂျင်နီယာရူပဗေဒဌာနရှိ ဆရာမများ၏ စာသင်ကြားမှုအပေါ်ကျောင်းသား ကျောင်းသူ များ၏ စိတ်ကျေနပ်မှုသည် (၈၅%)နှင့် အထက် ရရှိစေရန်။
Engineering Physics ဘာသာရပ်တွင် Semester တစ်ခုလျှင် Practical (၆)ကြိမ် ပြုလုပ်ပြီး စာသင်နှစ်တစ်နှစ်တွင် Practical စုစုပေါင်း (၁၂)ကြိမ် ပြုလုပ်ပေးရန်။
List of Teachers
Sr No | Name | Qualification | Position |
---|---|---|---|
1 | Dr Thida Win | Ph.D Physics | Associate Professor |
2 | Dr Phyu Phyu Mar | Ph.D Physics | Lecturer |
3 | Daw Thanda Aye | M.S, Engg Physics | Lecturer |
4 | Daw Khine Khine Win | M.Sc, Physics | Assistant Lecturer |
5 | Daw Naing Wai Wai Phyo | M.Sc, Physics | Assistant Lecturer |