မျှော်မှန်းချက် (Vision)
- ပြည်တွင်းသာမက အရှေ့တောင်အာရှအဆင့်မီ၍ နိုင်ငံတကာအသိအမှတ်ပြုခံရသည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်စေရန်။
- အီလက်ထရောနစ် အင်ဂျင်နီယာနှင့် ဆက်စပ်သော နယ်ပယ်များတွင် ပြည်တွင်းသာမက ပြည်ပရှိ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ အဆင့်မီအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ။
- တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်သော အာဆီယံဒေသတွင်း နိုင်ငံများနှင့် တန်းတူ အရည်အချင်းသတ်မှတ်နိုင်သော အီလက်ထရောနစ် အင်ဂျင်နီယာများ မွေးထုတ်နိုင်သည့် ဌာနတစ်ခု ဖြစ်လာစေရန် ။
ရည်မှန်းချက် (Mission)
- နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက်အီလက်ထရောနစ်အင်ဂျင်နီယာနယ်ပယ်မှ ထူးချွန်ထက်မြက် သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် အဆင့်မြင့်သင်ကြားမှုနှင့် သုတေသနများ ပြုလုပ်ဆောင်ရွက်ရန်။
- အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်ကို အခြေခံ၍ လူနေမှုဘ၀ကို မြှင့်တင်ပေးရန် ။
အရည်အသွေးရည်မှန်းချက် (Quality Objectives)
၁။ အီလက်ထရောနစ်အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများတွင် သင်ကြားနေသော ဆရာ/ဆရာမများ၏ သင်ကြားမှု အရည်အသွေးအပေါ် ကျောင်းသူ၊ ကျောင်းသားများ၏ စိတ်ကျေနပ်မှု (၈၅%)အထိ ရရှိအောင် ဆောင်ရွက်ရန်။
၂။ ဘွဲ့ကြိုသင်တန်းနှစ်တစ်နှစ်ချင်းစီ၏ ပထမနှစ်ဝက်စာမေးပွဲတွင် (Grade D နှင့် Grade E) ရရှိသော ကျောင်းသား/ ကျောင်းသူ ရာခိုင်နှုန်းအား (၂၀%) အောက်လျော့နည်းစေရန််။
၃။ အီလက်ထရောနစ်အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများ၏ အောင်ချက်ရာခိုင်နှုန်းအား (၈၀%)နှင့် အထက်ရရှိသည်အထိ ဆောင်ရွက်ရန်။
၄။ အီလက်ထရောနစ် အင်ဂျင်နီယာဌာန တွင်တာ၀န်ထမ်းဆောင်ကြသော ဆရာ ဆရာမ များ၏စွမ်းဆောင်ရည်များ ဖွွံ့ဖြိုးတိုးတက်မှုရှိစေရန် အတွက် အရည်အသွေးမြှင့်သင်တန်းများ၊ ဆွေးနွေးပို့ချမှုများအား ပညာသင်နှစ် တစ်နှစ်လျှင် အနည်းဆုံး (၃) ကြိမ်နှင့် အထက် ရရှိအောင် ဆောင်ရွက်ရန်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!